မြန်မာ့လူငယ်ကျောင်းသား ကျောင်းသူအများစုဟာ ပုံစံမတူတဲ့ နိုင်ငံတကာ ပညာရေးစနစ်ထဲရောက်တဲ့ အခါ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့ရလေ့ရှိပါတယ်။
အထူးသဖြင့် တိုင်းပြည်ထဲကကျောင်းတွေမှာ အရင်းမြစ်နည်းပါးခဲ့ရတဲ့အခါ ကျောင်းသား/သူတွေ အနေနဲ့ နိုင်ငံတကာ ပညာရေးစနစ်ကနေ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို မသိနေတာမျိုး ဖြစ်လေ့ဖြစ်ထရှိပါတယ်။
အခုတက္ကသိုလ်ကျောင်းသားများအတွက် တက္ကသိုလ်မှရနိုင်သည့် ဝန်ဆောင်မှုများ (Student Support Services) အကြောင်း ပြောပြပေးပါမယ်။
တက္ကသိုလ်အသီးသီးမှာ ရနိုင်တဲ့ ဝန်ဆောင်မှုများက အများကြီး ကျယ်ကျယ်ပြန့်ပြန့် ခွဲခြားထားတတ်ကြပြီး ပုံစံတွေတော့ ကွဲပြားခြားနားနေနိုင်ပါတယ်။
အခုစာစုမှာတော့ ပညာရေးဆိုင်ရာ ထောက်ပံ့မှု (Academic Support) များအကြောင်းအရင်ပြောပြသွားပါမယ်။
ပညာရေးဆိုင်ရာ အကြံပေးမှု (Academic Advising)
ကျောင်းသူ/ကျောင်းသားတိုင်းမှာ ပညာရေးဆိုင်ရာ အကြံပေး (Academic Advisor) တစ်ဦးရှိရမှာဖြစ်ပြီး ကိုယ်တက်ရောက်ရမဲ့၊ တက်ရောက်ချင်တဲ့ သင်တန်းရွေးချယ်မှု၊ ဘွဲ့ရရှိရန် လိုအပ်ချက်များနှင့် အလုပ်အကိုင်လမ်းကြောင်းများနှင့် ပတ်သက်၍ လမ်းညွှန်မှုပေးခြင်းတွေဖြစ်ပါတယ်။ Academic Advisor တွေက ကျောင်းသား/သူ တွေရဲ့ ပညာရေးအစီအစဉ်များ ရွေးချယ်ရာမှာ ၊ လမ်းကြောင်းချမှတ်ရာမှာ ကူညီပေးပြီး ပညာရေးဆိုင်ရာ အခက်အခဲ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကူညီပေးတာဖြစ်ပါတယ်။
ဖြည့်စွက် သင်ကြားပေးခြင်း (Tutoring and Supplemental Instruction (SI))
ကျောင်းသား/သူ တစ်ဦးခြင်း ဒါမှမဟုတ် အုပ်စုဖွဲ့ သင်ကြားပေးခြင်း ၊ ယေဘူယျအားဖြင့် ကျောင်းသား/သူများအတွက် ခက်ခဲနေတဲ့ ဘာသာရပ်နဲ့ သီအိုရီတွေကို အာရုံစိုက်ကူညီပေးဖို့ပါ။ Supplemental Instruction SI ဆိုတာကတော့ ပုံမှန်အားဖြင့် အတန်းဖော် သူငယ်ချင်းများက ဦးဆောင်ရှင်းပြပေးတဲ့ အချိန်ပိုတွေဖြစ်လေ့ ရှိပါတယ်။
စာရေးခြင်းနဲ့ပတ်သက်တဲ့ စစ်ဆေးပေးရာနေရာဌာန (Writing Centers)
ကျောင်းသား/သူများ သုတေသန စာတမ်းရေးသားခြင်း၊ တက်ရောက်နေတဲ့ သင်တန်းက ဘာသာရပ်ဆိုင်ရာ စာတမ်းများနှင့် အခြားအိမ်စာများ၊ assignments များရေးသားရာတွင် ကူညီမကြံပေးခြင်း။ ရေးထားပြီးသည့် စာကြမ်းများကိုပြုပြင်အကြံပေးခြင်း၊ ရေးသားပုံ၊ စာပိုဒ်များ အစီအစဉ်ချခြင်းနှင့် ငြင်းခုံချက် (argument) များကိုရေးသားရာမှာ ကူညီ စစ်ဆေးပြင်ဆင်ပေးတာမျိုးပါ။
နိုင်ငံတကာပညာရေး စနစ်မှာ အခြားသူတွေရဲ့ ရေးသားထားချက်တွေ၊ စာတွေကို ရည်ညွှန်းချက်မပေးဘဲ ကူးချခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားတာမို့ Writing center က တာဝန်ရှိသူတွေက ရည်ညွှန်းကိုးကားချက်တွေ မှန်တယ် မှားတယ်ဆိုတာတွေကို ကူညီစစ်ဆေး ပြင်ဆင်ပေးပါတယ်။
နောက်စာစုမှာ အခြား ကျန်ရှိတဲ့ (University Student Support Services) အကြောင်းဆက်လက်ပြောပြသွားပါမယ်။
ဖတ်ရှူပေးလို့ကျေးဇူးတင်ပါတယ်။ ရေးသားသူကို ရည်ညွှန်းချက်မပေးဘဲ ကူးယူခြင်းမပြုလုပ်ဖ်ို့လည်းတောင်းဆိုပါရစေ။
Photo regrammed from Heartland Community College webpage.